ယူနိုက်တက်ခေါ်ယူသင့်တဲ့ ကစားသမား(၂)ဦးကို အကြုံပြုပြောဆိုလိုက်တဲ့ ဖာဒီနန် ယူနိုက်တက်တို့ဟာဆိုးလ်ရှာလက်ထက်မှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့ အတွက် ပြင်ဆင်နေတာဖြစ်ပြီးတော့ လိုအပ်တဲ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီဈေးကွက်နဲ့ ဇန်န၀ါ၇ီဈေးကွက်တွေထဲမှာ ကစားသမားခေါ်ယူမှု (၅)ဦးအထိပြုလုပ်ခဲ့ပြီး၊ ဒီကစားသမားတွေကလည်း အသင်းအတွက် အကျိုးပြုနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေဟာ ကစားသမားခေါ်ယူမှုတွေထပ်မံပြုလုပ်ဖို့လိုအပ်နေသေးတာဖြစ်ပြီးတော့ ယူနိုက်တက်အနေနဲ့လည်း ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ယူနိုက်တက် ကစားသမားဟောင်းဖာဒီနန်ကကတော့ ယူနိုက်တက်ခေါ်ယူသင့်တဲ့ကစားသမား(၂)ဦးကိုအကြုံပြုပြောဆိုသွားခဲ့ပါတယ်။