fbpx

Category: Poem

ဒီ​နေ့ကျွန်မ စိတ်​​တွေဟာတစ်​လွင့်​လွင်

ဒီ​နေ့ကျွန်မ စိတ်​​တွေဟာတစ်​လွင့်​လွင့်​ ရင်းနှီးခဲ့ဖူးတဲ့ သူစိမ်း​တွေဆီ ဖုန်းဆက်​မယ်​ အိတ်​ကပ်​ထဲထည့်​ထားတာကြာပြီဖြစ်​​ပေမယ့်​ တစ်​​ခေါက်​မှမ​သွားဖြစ်​​သေးတဲ့ ၄ နာရီအရပ်​က လိပ်​စာ​လေးဆီ အလည်​သွားမယ်​ အဆင်​​ပြေလားလို့​မေးရင်​ အဆင်​မ​ပြေ​ကြောင်း​တွေဖွင့်​ဟမယ်​ မနက်​အိပ်​ယာထ ကုတင်​​ပေါ်က​ခြေ​လျှော်​ကျတာကအစ ခုမောင့်ဆီလာတဲ့လမ်းမှာ ဘန်​​ဒါ​တွေ​ကြွေ​နေတာအဆုံး မ​မောနိုင်​​အောင်​​ညည်းပြမယ်​ ကျွန်မ ကော်​ဖီမကြိုက်​တာကိုအမြဲ​မေ့ပြီး ​ကော်​ဖီ​တွေ​ဖျော်​ယူလာတဲ့ မောင့်ကိုအပြစ်​တင်​မယ်​ ဘာလို့အရင်​က​ရောက်​မလာခဲ့တာလဲ​မေးရင်​ ကျွန်မအခန်း​လေးထဲက ရုန်းထွက်​ဖို့ သတ္တိမရှိ​သေးလို့ လို့​ဖြေမယ်​ ကျွန်မလက်​​ဆောင်​​ပေးထားတဲ့
Read More

I still want you…..(Juu)

ဒီအရပ်မှာနေသားမကျသေးဘူး… ချစ်ခြင်းတွေမရှိတော့တဲ့ နောက်ပိုင်း မရုပ်သိမ်းလိုက်မိတဲ့ အလွမ်းထည်တွေ မျက်ရည်တွေကို မောင်အမှတ်နဲ့ ချည်ပေးလိုက်တာ ရေချိန်မှတ်က ၁၈၀ဒီဂရီ… လွမ်းဖျာလွမ်းနာက ရာသီတုပ်ကွေးမလို့ တိမ်တွေကလည်း ခပ်ပြုံးပြုံးပဲ.. ကျွန်မကတော့ အချစ်ကိုက်ပြီထင်ပါတယ် ရင်ဘတ်ကြီးက ငိုလို့မဆုံးတော့.. မောင်နားမထောင်လိုက်မိတဲ့ လာဗင်ဒါရဲ့ ငိုရှိုက်သံတွေ ဒီညတော့ မောင်အိပ်မက်လှလှမက်ပါစေ.. အဆင်ပြေသလိုသာ သတိရပေးပါ အို..ဘုရားစူး..ကျွန်မက မောင့်ကိုသိပ်ချစ်တာ.. တစ်ခုသောနွေရာသီမှာ
Read More