fbpx

နတ်သမီးမျက်နှာလေးနဲ့ နတ်ဆိုးခန္ဓာကိုယ်ရှိနေတဲ့ ဆရာဝန်မလေး

ကိတ်တယ်ဆိုတာ စာဖတ်ပရိတ်သတ်ကြီးတော့ ဘယ်လိုသတ်မှတ်ထားတယ်မသိဘူး။ ကျွန်တ်ာကတော့ ဒီလိုမိန်းကလေးမျိုးကိုမှ ကိတ်တယ်လို့ သတ်မှတ်တာဗျ။ အမျိုးသားတစ်ယောက်တောင် သူ့လိုခန္ဓာကိုယ်မျိုးဖြစ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အချိန်မျိုးမှာ ဒီတရုတ်မလေးကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ IG မှာ နာမည်ကြီးနေခဲ့ပါတယ်။

သူမနာမည်ကတော့ Yuan Herong ပါ။ Asia One မှာ ဖော်ပြချက်အရ Yuan Herong ဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆယ်လီတစ်ယောက်ပါတဲ့။ လူတွေတော်တော်များများက သူမရဲ့နတ်သမီးလိုဖြူစင်ပြီးချစ်ဖို့ကောင်းလှတဲ့ရုပ်ကလေးရှိပမယ့် ခန္ဓာကိုယ်ကတော့ နတ်ဆိုးတစ်ကောင်လို သန်မာပြီး ဆွဲဆောင်မှုရှိတယ်လို့ တင်စားနေခဲ့ကြတာပါ။ ဒီလောက်ကြွက်သားအဖုအထစ်တွေကို တွေ့နေရပြီဆိုရင်တော့ Yuan Herong ဟာ bodybuilder တစ်ယောက်ဆိုတာ ပြောပြဖို့လိုမယ်မထင်ပါဘူးနော်။

ဒါပေမဲ့ သူမရဲ့အဓိကအသက်မွေးဝမ်းကျောင်းကတော့ လူ့အသက်တွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပါတဲ့လ။ အချိန်ပိုင်း မ်ာဒယ်လည်းလုပ်သလို ခန္ဓာကိုယ်အတွက်လေ့ကျင့်မှုတွေပြုလုပ်တဲ့အချိန်မှာလည်း တွဲပြီး fitness coach လည်း လုပ်ပါသေးတယ်။ သူမရဲ့အသက်ကိုတော့ ဖော်ပြထားခြင်းအလျဉ်းမရှိခဲ့ပါဘူး။

လက်တလော IG မှာ ခေတ်စားနေတဲ့ ဓာတ်ပုံလေးကတော့ ဒီပုံလေးပါ။ “မင်္ဂလာဝတ်စုံဝတ်ကြည့်နေတယ်” ဆိုတဲ့စာလေးနဲ့ အခုလိုဆွဲဆောင်မှုရှိတဲ့ကြွက်သားတွေကို ထုတ်ဖော်ပြကာ အောက်တိုဘာလ ၁၀ ရက်နေ့တုန်းကတင်ထားခဲ့တာပါ။ ဆိုလိုတာ Yuan Herong က မင်္ဂလာဆောင်တော့မယ်ပေါ့။ ဒီလို ချစ်ဖို့ကောင်းတဲ့အပြင် ခန္ဓာကိုယ်ကလည်း တောင့်ဖြောင့်၊ ဆရာဝန်ကလည်းဖြစ်ဆိုတော့.. Yuan Herong ရဲ့ ခင်ပွန်းလောင်းလေးကတော့ တော်တော်လေး ကံကောင်းတယ်လို့ဆိုရမှာပါပဲ။

Add a Comment

Your email address will not be published. Required fields are marked *