fbpx

ရန်ကုန်ဆေးရုံကြီးတွင် ဒုတိယမြောက် ဖန်ပြွန်သန္ဓေသား အောင်မြင်စွာ မွေးဖွား

(Unicode)

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဒုတိယမြောက် ဖန်ပြွန်သန္ဓေသား အောင်မြင်စွာ မွေးဖွား

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ၅ ပေါင် ၂ အောင်စ ရှိ ဒုတိယမြောက်ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကို ပါမောက္ခ ဒေါက်တာဒေါ်ခင်လတ် ဦးဆောင်သော ခွဲစိတ် ဆရာဝန်ကြီးများက ယနေ့နံနက် ၈ နာရီ ၃၆ မိနစ်တွင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရှိရသည်။

ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က “ဖန်ပြွန်သန္ဓေသားဆိုတာ သားသမီး ရဖို့ခက်ခဲတဲ့ ဇနီးမောင်နှံတွေမှာ ဖန်ပြွန်သန္ဓေသားနည်း နဲ့ သန္ဓေတည်အောင် ဆောင်ရွက်ပေးတာဖြစ်တယ်။ ဗဟို အမျိုးသမီးဆေးရုံကြီးမှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ဖန်ပြွန်သန္ဓေသားကို ၂၀၁၈ ခုနှစ် ဇွန်လမှာ မွေးဖွားပေးနိုင် ခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေသားပြုလုပ်တဲ့အဆင့်ဆင့်က အများကြီးရှိပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းနဲ့ဆိုရင်သားသမီးရဖို့ တော်တော်လေးခက်ခဲပါတယ်။

ဖန်ပြွန် သန္ဓေသားအောင်ဖို့ဆိုရင် ကျွန်မတို့ရဲ့သားဖွား/မီးယပ် အထူးကုဆရာဝန်ကြီးတွေရဲ့ တတ်ကျွမ်းတဲ့ နည်းပညာ မကဘူး၊ တခြားကမ္ဘာ့အဆင့်မီ ဆေးဝါးတွေကို သုံးစွဲပါ တယ်။ ဒါပေမယ့် ဖန်ပြွန်သန္ဓေသားတွေအတွက် အထူး လိုအပ်တဲ့ ကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေတိုးတက်အောင် လုပ်ဖို့ အဆင့်အများကြီးလိုပါသေးတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း Fertility Centre မှာ လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးပါတယ်။ ဒီထက်နည်းပညာရော လိုအပ်တဲ့စက် ပစ္စည်းတွေပါရရှိမယ်ဆိုရင် သားသမီးရနိုင်ဖို့ခက်ခဲတဲ့ ဇနီး မောင်နှံတွေကို အခုထက်ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါ တယ်” ဟု ပြောသည်။

ဖန်ပြွန်သန္ဓေသား၏ ဖခင်ဖြစ်သူ ဦးမောင်မောင်သန့်က “ကျွန်တော်တို့က အင်းစိန်ကပါ။ အိမ်ထောင်ကျပြီး ၉ နှစ်ခွဲ ကြာမှ ကလေးရတာပါ။ ကလေးရဖို့ အပြင်ဆေးရုံဆေးခန်း တွေမှာကြိုးစားကြည့်ပါတယ်။ အဆင်မပြေတော့ ဗဟို အမျိုးသမီးဆေးရုံက Fertility Centre မှာ တိုင်ပင်ဆွေးနွေး ကြည့်ခဲ့ပြီး ဒီနေ့မနက် သမီးဦးလေးကို အောင်အောင် မြင်မြင်မွေးလာတော့ ပျော်ပါတယ်” ဟု ပြောသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဟိုင်နန် ဆေးတက္ကသိုလ်အကူအညီဖြင့် ၂၀၁၈ ခုနှစ် ဇွန်၁၂ ရက် တွင် ပထမဆုံး ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့ကာ ယခု ဒုတိယမြောက် ဖန်ပြွန်သန္ဓေသားကို အောင်မြင်စွာမွေးဖွား နိုင်ခဲ့ခြင်းဖြစ်သည်။

(Zawgyi)

Add a Comment

Your email address will not be published. Required fields are marked *