fbpx

ရည်စားဆိုသူက LCCI သင်တန်းခန်းမထဲဝင်ရောက်ကာ ဓားဖြင့်ထိုး၍ မိန်းကလေးတဦး သေဆုံး

မန္တလေး၊ချမ်းအေးသာစံမြို့နယ်၊ကဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနှင့် ၃၄လမ်းထောင့် Sky Wall shopping mall (၃)လွှာရှိ LCCI စာရင်းကိုင်သင်တန်းတွင် အောက်တိုဘာ(၂၃)ရက် ညနေ(၆)နာရီခွဲက သင်တန်းတက်နေသောသင်တန်းသူ(၁)ဦးမှာ ဓားထိုးခံရပြီးသေ‌ဆုံးခဲ့ရရှာသည်။

ဖြစ်စဉ်မှာ LCCI စာရင်းကိုင်သင်တန်းမှ သင်တန်းသူ မအေးမွန်သန့်အား ၎င်း၏ရည်စားဆိုသူ မောင်လတ်အောင်(ခ)အောင်အောင်မှ အရိုးအသွား(၁၀)လက်မခန့်ရှိ စတီးဓားဖြင့်ထိုးရာ မအေးမွန်သန့်၏ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက် ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေ‌ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူက သင်တန်းခန်းမထဲ ဝင်လာပြီး ကောင်မလေးကို လာခေါ်တယ်။ အဲဒီမှာ စကားများရန်ဖြစ်ကြပြီး ကောင်လေးက အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားနဲ့ထိုးခဲ့တာပါ။ ကျုးလွန်သူကိုချက်ချင်းဖမ်းမိနိုင်ခဲ့တယ်။ စခန်းမှာ အမှုဖွင့်ထားတယ်။”ဟု စခန်းမှာ အမှုဖွင့်ထားတယ်။”ဟု အမှတ်(၈)မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်အား ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)မြိုမရဲစခန်းတွင် (ပ)၆၉၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်၊ ဦးရာဇ

Add a Comment

Your email address will not be published. Required fields are marked *