.

ကိုယ့်ငွေနဲ့ကိုယ် Q ဝင်မယ်ဆိုတာတောင် အဝင်မခံဘဲ ထောင် (၃) လ ချခံလိုက်ရတဲ့ အဖြစ်

ကျတော့်မိတ်ဆွေ သူငယ်ချင်းနှစ်ယောက် မိထ္တီလာ သွားတာ Quarantine ဝင်တဲ့ကိစ္စနဲ့ပတ်သက်၍ ဒုက္ခရောက်နေပါသည်.. သူကိုယ်တိုင်ပို့ထားသော စာများနှင့်တကွပူးတွဲတင်ပြအပ်ပါသည်…

တစ်ခုလောက် အကူညီတောင်းပါရစေ။ နယ်မြို့တွေမှာ ဖြစ်ပျက်နေပုံတချို့ အမေစုကို တင်ပြပေးပါ။

ရန်ကုန်က နယ်ကိုအလာ Q ဝင်ဖို့ ပြောလာပါတယ်။ ဝင်ရမယ့်နေရာက လူပေါင်းစုံ… ထိုင်း , တရုတ်က ပြန်လာသူတွေရော အားလုံး ထားတာမို့ လာရောက် Quarantine ဝင်ရန်ပြောလာမို့ စိုးရိမ်မိတာ အမှန်ပါ။ တခြား ရွေးချယ်စရာ ရှိနိုင်မလား မေးကြည့်တော့ Hotel ၂ ခုမှာ ဝင်လို့ရကြောင်း တစ်ရက် ၃၀၀၀၀ ကျပ် နှင့် မိမိစားရိတ်နဲ့ ဝင်နိုင်ကြောင်း ပြောလာပါတယ်။ ဒါဆို OK ပါ ။ လိုက်မယ်ပေါ့။အမေစုနဲ့ Live တွေ ဘာတွေပြောရမှာမို့ ပျော်တောင် ပျော်မိပါတယ်။ တကယ်။ Laptop ဘာညာ ယူစရာရှိတာ ယူနေတုန်း…

Advertisements

[irp]

ရန်ကုန်ကလာတယ်ဆိုပြီး သူတို့ကို ဆရာလုပ်နေတယ် ။ သူတို့ စီစဉ်ထားတဲ့ စာသင်ကျောင်း မှာပဲ နေရမယ် ။ Hotel မှာ ဝင်လို့ မရဘူး။ မင်းကိစ္စ အထက်ကို တင်ပြပေးမယ်ပြောပြီး ပြန်သွားကြပါတယ်။ ဘာမှ ဆက်လက် အကြောင်းမကြားတော့တဲ့အတွက် အိမ်ထဲမှာပဲ ၃ ရက်စောင့်နေတုန်း တရားရုံးက အကြောင်းကြားလာလို့ တရားရုံးမှာ ခုလိုပဲ ထွက်ဆိုခဲ့ပါတယ်။

Advertisements

အဲဒါကို သူတို့စီစဉ်ထားတဲ့နေရာ မဝင်ပဲ ငြင်းဆန်တယ်ဆိုပြီး ထောင် ၃ လ သံခြေကျင်း သံကြိုးတွေနဲ့ ကျန်းမာရေးအမှု ခေါင်းစဉ်အောက်မှာ ရာဇဝတ်သားလို ပစ်ဒဏ်ချမှတ်ထားပြီး ဒီနေ့အထိ မည်သည့်ကျန်းမာရေးသောင့်ရှောက် မှုမှ မရပါ ။ ကျန်းမာရေး ဆိုပြီး IR အဖျားတိုင်းစက်နဲ့ လာရောက်တိုင်းခြင်းမျိုးလည်း မရှိပါဘူး။

တာဝန်ကျ ဆရာဝန်တွေ ၊ အထက်လူကြီးတွေ အပြင်မထွက်ကြတော့ နယ်မြို့တွေမှာ တော်တော်လေး လွဲချော်နေပြီး ပိုပြီး ကူးစက်နိုင်ခြေများပါတယ်။ ခုကာလမျိုးမှာ အတော်ကြောက်စရာအခြေနေမျိုးပါ။ကျန်းမာရေးအသိနည်းတဲ့ Nurse (တချို့) ကြောင့် ရဲ နဲ့ အကျဉ်းဦးစီးဌာန အတွက် အလုပ်ပိုစေပြီး တရားရုံများအတွက် ငွေဝင်ပေါက် တခု တိုးလာသလိုပါပဲ ။

ဒီလိုလွဲမှားမှုက နိုင်ငံဝန်ထမ်းတွေပါ ကူးစက်နိုင်ခြေ မလွန်များပါတယ်။အခွင့်ရေးယူ တောင်းဆိုခြင်း မဟုတ်ပဲ (အမှန်) အမှန်တရား ဖြစ်ဖို့ ၊ကျွန်တော့်လို တခြားသူတွေမဖြစ်စေဖို့ အတွက် တင်ပြပေးစေချင်ပါတယ်။ယခုပို့အတွက်တာဝန်ယူပါသည်

(ကျော်လွင်သောင်း)

[irp]

###############################################################

Zawgyi

က်ေတာ့္မိတ္ေဆြ သူငယ္ခ်င္းႏွစ္ေယာက္ မိထၱီလာ သြားတာ Quarantine ဝင္တဲ့ကိစၥနဲ႔ပတ္သက္၍ ဒုကၡေရာက္ေနပါသည္.. သူကိုယ္တိုင္ပို႔ထားေသာ စာမ်ားႏွင့္တကြပူးတြဲတင္ျပအပ္ပါသည္…

တစ္ခုေလာက္ အကူညီေတာင္းပါရေစ။ နယ္ၿမိဳ႕ေတြမွာ ျဖစ္ပ်က္ေနပုံတခ်ိဳ႕ အေမစုကို တင္ျပေပးပါ။

ရန္ကုန္က နယ္ကိုအလာ Q ဝင္ဖို႔ ေျပာလာပါတယ္။ ဝင္ရမယ့္ေနရာက လူေပါင္းစုံ… ထိုင္း , တ႐ုတ္က ျပန္လာသူေတြေရာ အားလုံး ထားတာမို႔ လာေရာက္ Quarantine ဝင္ရန္ေျပာလာမို႔ စိုးရိမ္မိတာ အမွန္ပါ။ တျခား ေ႐ြးခ်ယ္စရာ ရွိႏိုင္မလား ေမးၾကည့္ေတာ့ Hotel ၂ ခုမွာ ဝင္လို႔ရေၾကာင္း တစ္ရက္ ၃၀၀၀၀ က်ပ္ ႏွင့္ မိမိစားရိတ္နဲ႔ ဝင္ႏိုင္ေၾကာင္း ေျပာလာပါတယ္။ ဒါဆို OK ပါ ။ လိုက္မယ္ေပါ့။အေမစုနဲ႔ Live ေတြ ဘာေတြေျပာရမွာမို႔ ေပ်ာ္ေတာင္ ေပ်ာ္မိပါတယ္။ တကယ္။ Laptop ဘာညာ ယူစရာရွိတာ ယူေနတုန္း…

ရန္ကုန္ကလာတယ္ဆိုၿပီး သူတို႔ကို ဆရာလုပ္ေနတယ္ ။ သူတို႔ စီစဥ္ထားတဲ့ စာသင္ေက်ာင္း မွာပဲ ေနရမယ္ ။ Hotel မွာ ဝင္လို႔ မရဘူး။ မင္းကိစၥ အထက္ကို တင္ျပေပးမယ္ေျပာၿပီး ျပန္သြားၾကပါတယ္။ ဘာမွ ဆက္လက္ အေၾကာင္းမၾကားေတာ့တဲ့အတြက္ အိမ္ထဲမွာပဲ ၃ ရက္ေစာင့္ေနတုန္း တရား႐ုံးက အေၾကာင္းၾကားလာလို႔ တရား႐ုံးမွာ ခုလိုပဲ ထြက္ဆိုခဲ့ပါတယ္။

အဲဒါကို သူတို႔စီစဥ္ထားတဲ့ေနရာ မဝင္ပဲ ျငင္းဆန္တယ္ဆိုၿပီး ေထာင္ ၃ လ သံေျခက်င္း သံႀကိဳးေတြနဲ႔ က်န္းမာေရးအမႈ ေခါင္းစဥ္ေအာက္မွာ ရာဇဝတ္သားလို ပစ္ဒဏ္ခ်မွတ္ထားၿပီး ဒီေန႔အထိ မည္သည့္က်န္းမာေရးေသာင့္ေရွာက္ မႈမွ မရပါ ။ က်န္းမာေရး ဆိုၿပီး IR အဖ်ားတိုင္းစက္နဲ႔ လာေရာက္တိုင္းျခင္းမ်ိဳးလည္း မရွိပါဘူး။

[irp]

တာဝန္က် ဆရာဝန္ေတြ ၊ အထက္လူႀကီးေတြ အျပင္မထြက္ၾကေတာ့ နယ္ၿမိဳ႕ေတြမွာ ေတာ္ေတာ္ေလး လြဲေခ်ာ္ေနၿပီး ပိုၿပီး ကူးစက္ႏိုင္ေျခမ်ားပါတယ္။ ခုကာလမ်ိဳးမွာ အေတာ္ေၾကာက္စရာအေျခေနမ်ိဳးပါ။က်န္းမာေရးအသိနည္းတဲ့ Nurse (တခ်ိဳ႕) ေၾကာင့္ ရဲ နဲ႔ အက်ဥ္းဦးစီးဌာန အတြက္ အလုပ္ပိုေစၿပီး တရား႐ုံမ်ားအတြက္ ေငြဝင္ေပါက္ တခု တိုးလာသလိုပါပဲ ။

Advertisements

ဒီလိုလြဲမွားမႈက ႏိုင္ငံဝန္ထမ္းေတြပါ ကူးစက္ႏိုင္ေျခ မလြန္မ်ားပါတယ္။အခြင့္ေရးယူ ေတာင္းဆိုျခင္း မဟုတ္ပဲ (အမွန္) အမွန္တရား ျဖစ္ဖို႔ ၊ကြၽန္ေတာ့္လို တျခားသူေတြမျဖစ္ေစဖို႔ အတြက္ တင္ျပေပးေစခ်င္ပါတယ္။ယခုပို႔အတြက္တာဝန္ယူပါသည္

(ေက်ာ္လြင္ေသာင္း)

Add a Comment

Your email address will not be published. Required fields are marked *