.

ဖိလစ်ပိုင်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၀ ကျော်ကို အစိုးရက ပြန်ခေါ်ယူ

COVID-19 ကပ်ဘေးကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ မေလ ၁၈ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။

READ  အသက်(၆၈)နှစ် အမေကြီး ငွေ ၅ သောင်းကို တစ်ခါမှ မကိုင်ဖူးခဲ့ဘူးတဲ့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲမိတယ်…

နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားလို့ ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ဒီနေ့မနက် ၁၀ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်လာတယ်လို့ ဆိုပါတယ်။

Advertisements

ပြန်ရောက်လာသူတွေကို သီးခြားသတ်မှတ် ပေးထားတဲ့နေရာ ဒါမှမဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည့်ထားမှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိပြီး အခက်အခဲ ကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေစီစဉ်ပေးပြီး ပြန်ခေါ်ယူနေရာမှာ ဒီကနေ့အထိ နေရပ်ပြန်ရောက်လာတဲ့ မြန်မာပြည်သား စုစုပေါင်း ၂၀၇၂ ဦးရှိပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက် အရသိရပါတယ်။

READ  မုံရွာတွင် နှာခေါင်းစည်းမတပ်သူအား တားသည့် ယာဉ်ထိန်းရဲ ဓားခုတ်ခံရ
###########################################################

Advertisements

COVID-19 ကပ္ေဘးေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံမွာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသား ၈၁ ဦးကို ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံျခားေရးဌာနက ဒီကေန႔ ေမလ ၁၈ ရက္မနက္မွာ ထုတ္ျပန္ပါတယ္။

ႏိုင္ငံတကာခရီးသည္တင္ေလယာဥ္ေတြ ပ်ံသန္းမႈယာယီရပ္ဆိုင္းထားလို႔ ဖိလစ္ပိုင္ႏိုင္ငံမွာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသားေတြကို Air Asia Philippines ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ခဲ့ရာမွာ ဒီေန႔မနက္ ၁၀ နာရီေက်ာ္က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ျပန္လည္ေရာက္လာတယ္လို႔ ဆိုပါတယ္။

ျပန္ေရာက္လာသူေတြကို သီးျခားသတ္မွတ္ ေပးထားတဲ့ေနရာ ဒါမွမဟုတ္ သတ္မွတ္ဟိုတယ္ေတြမွာ ၂၁ ရက္တာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားမွာ ျဖစ္ပါတယ္။

Advertisements

ျပည္ပႏိုင္ငံအသီးသီးမွာ ပိတ္မိၿပီး အခက္အခဲ ႀကဳံေတြ႕ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြကို အစိုးရက ကယ္ဆယ္ေရးေလယာဥ္ေတြစီစဥ္ေပးၿပီး ျပန္ေခၚယူေနရာမွာ ဒီကေန႔အထိ ေနရပ္ျပန္ေရာက္လာတဲ့ ျမန္မာျပည္သား စုစုေပါင္း ၂၀၇၂ ဦးရွိၿပီလို႔ ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္ အရသိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *