.

ဆန်လိုအပ်နေသူများအတွက် အခမဲ့ Rice ATM လှိုင်သာယာတွင် စတင်စမ်းသပ် 😍😍😍

COVID-19 ကပ်ဘေးကာလ အကျပ်အတည်းကြောင့် စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ အခြေခံလူ တန်းစားတွေအတွက် ရည်ရွယ်ပြီး ဆန်ကိုအလိုအလျောက်ထုတ်ယူနိုင်တဲ့ Rice ATM စနစ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စတင်စမ်းသပ်လုပ်ဆောင်နေပါတယ်။

အင်တာနက်ကနေ QR ကုတ်ယူပြီး ဆန်ကိုအလိုအလျောက် အခမဲ့ ထုတ်ယူနိုင်တဲ့ စနစ်ကို မေလ ၁၆ ရက်နေ့ကစပြီး လှိုင်သာယာမြို့နယ်မှာ ပထမဦးဆုံးအကြိမ် စတင်စမ်းသပ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်ဟာ လူဦးရေအရမ်းများတဲ့မြို့နယ်ဖြစ်ပြီး အခြေခံလူတန်းစားတွေ များတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် COVID-19 ကာလအတွင်း စားဝတ်နေရေးအခက်ခဲဖြစ် နေတဲ့ သူတွေကို ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

Advertisements
READ  ⚠️WHO just declared the coronavirus a pandemic!! ⚠️

အဲ့ဒီအစီအစဉ်ကို We love Hlaingtharyar ပရဟိတအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး အကောင်အထည်အဖာ်လုပ်ဆောင်တာဖြစ်ပါတယ်။

အခုလို အခမဲ့ ဆန်ထုတ်ယူနိုင်ဖို့ We love Hlaingtharyar ဖေ့ဘွတ်ခ်စာမျက်နှာ Chatbox မှာ လျှောက်လွှာကိုဖြည့်သွင်းရ မှာဖြစ်ပါတယ်။

လျှောက်လွှာ ဖြည့်သွင်းပြီးတဲ့အခါ မိုဘိုင်းဖုန်းမှာ QR ကုတ်တစ်ခုရ ရှိမှာဖြစ်ပြီး နဲ့ အလိုအလျောက်ဆန်ထုတ်ယူနိုင်တဲ့နေရာမှာ လာရောက်ပြီး အခခဲ့ ဆန်ထုတ်ယူနိုင်တယ်လို့ We love Hlaingtharyar အဖွဲ့ စီမံခန့်ခွဲရေး တာဝန်ရှိသူ ဦးထက်ဖြိုးဝေက ပြောပါတယ်။

Advertisements

ဆန်လိုအပ်ချက်ရှိသူတွေအတွက် ဆန်အလိုအလျှောက်ပေးဝေးစက်ကို လှိုင်သာယာမြို့နယ် အမှတ် (၅၇၂/က/ခ) မကွေးလမ်း၊ (၉)ရပ်ကွက်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးမှာ ထားရှိတာ ဖြစ်ပါတယ်။

လာရောက်ထုတ်ယူတဲ့သူတွေကို ကန့်သတ်ချက်အနေနဲ့ တစ်ဦးကို ဆန် ၁ ဒသမ ၅ ကီလိုဂရမ် (ဆန်နို့ဆီဘူး ၆ ဘူး) နှုန်း ထုတ်ယူနိုင်မှာဖြစ်ပြီး တစ်ရက်ခြားတစ်ခါ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အလိုလျောက် ဆန်ထုတ်ယူနိုင်တဲ့ စက်တစ်လုံးကို ကျပ်သန်း ၂၀အထိ အကုန်ကျခံကာ စမ်းသပ်မှုတစ်ခု အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှု အောင်မြင်သွားရင်တော နောက်မှာ တိုးချဲ့သွားဖို့ ရှိတယ်လို့ We love Hlaingtharyar အဖွဲ့က ပြောပါတယ်။

READ  ဒေးဗစ်လား တည်းခိုနေသည့်ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ထား
#################################################

Advertisements

COVID-19 ကပ္ေဘးကာလ အက်ပ္အတည္းေၾကာင့္ စားဝတ္ေနေရးအခက္ခဲျဖစ္ေနတဲ့ အေျခခံလူ တန္းစားေတြအတြက္ ရည္႐ြယ္ၿပီး ဆန္ကိုအလိုအေလ်ာက္ထုတ္ယူႏိုင္တဲ့ Rice ATM စနစ္ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္မွာ စတင္စမ္းသပ္လုပ္ေဆာင္ေနပါတယ္။

အင္တာနက္ကေန QR ကုတ္ယူၿပီး ဆန္ကိုအလိုအေလ်ာက္ အခမဲ့ ထုတ္ယူႏိုင္တဲ့ စနစ္ကို ေမလ ၁၆ ရက္ေန႔ကစၿပီး လႈိင္သာယာၿမိဳ႕နယ္မွာ ပထမဦးဆုံးအႀကိမ္ စတင္စမ္းသပ္ခဲ့ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ဟာ လူဦးေရအရမ္းမ်ားတဲ့ၿမိဳ႕နယ္ျဖစ္ၿပီး အေျခခံလူတန္းစားေတြ မ်ားတဲ့ေနရာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ COVID-19 ကာလအတြင္း စားဝတ္ေနေရးအခက္ခဲျဖစ္ ေနတဲ့ သူေတြကို ရည္႐ြယ္ၿပီး အခုလို လုပ္ေဆာင္တာျဖစ္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

အဲ့ဒီအစီအစဥ္ကို We love Hlaingtharyar ပရဟိတအဖြဲ႕နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ပူးေပါင္းၿပီး အေကာင္အထည္အဖာ္လုပ္ေဆာင္တာျဖစ္ပါတယ္။

အခုလို အခမဲ့ ဆန္ထုတ္ယူႏိုင္ဖို႔ We love Hlaingtharyar ေဖ့ဘြတ္ခ္စာမ်က္ႏွာ Chatbox မွာ ေလွ်ာက္လႊာကိုျဖည့္သြင္းရ မွာျဖစ္ပါတယ္။

ေလွ်ာက္လႊာ ျဖည့္သြင္းၿပီးတဲ့အခါ မိုဘိုင္းဖုန္းမွာ QR ကုတ္တစ္ခုရ ရွိမွာျဖစ္ၿပီး နဲ႔ အလိုအေလ်ာက္ဆန္ထုတ္ယူႏိုင္တဲ့ေနရာမွာ လာေရာက္ၿပီး အခခဲ့ ဆန္ထုတ္ယူႏိုင္တယ္လို႔ We love Hlaingtharyar အဖြဲ႕ စီမံခန႔္ခြဲေရး တာဝန္ရွိသူ ဦးထက္ၿဖိဳးေဝက ေျပာပါတယ္။

ဆန္လိုအပ္ခ်က္ရွိသူေတြအတြက္ ဆန္အလိုအေလွ်ာက္ေပးေဝးစက္ကို လႈိင္သာယာၿမိဳ႕နယ္ အမွတ္ (၅၇၂/က/ခ) မေကြးလမ္း၊ (၉)ရပ္ကြက္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံးမွာ ထားရွိတာ ျဖစ္ပါတယ္။

Advertisements

လာေရာက္ထုတ္ယူတဲ့သူေတြကို ကန႔္သတ္ခ်က္အေနနဲ႔ တစ္ဦးကို ဆန္ ၁ ဒသမ ၅ ကီလိုဂရမ္ (ဆန္ႏို႔ဆီဘူး ၆ ဘူး) ႏႈန္း ထုတ္ယူႏိုင္မွာျဖစ္ၿပီး တစ္ရက္ျခားတစ္ခါ ထုတ္ယူႏိုင္တယ္လို႔ ဆိုပါတယ္။

အခုလို အလိုေလ်ာက္ ဆန္ထုတ္ယူႏိုင္တဲ့ စက္တစ္လုံးကို က်ပ္သန္း ၂၀အထိ အကုန္က်ခံကာ စမ္းသပ္မႈတစ္ခု အေနနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ စမ္းသပ္မႈ ေအာင္ျမင္သြားရင္ေတာ ေနာက္မွာ တိုးခ်ဲ႕သြားဖို႔ ရွိတယ္လို႔ We love Hlaingtharyar အဖြဲ႕က ေျပာပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *