.

တစ်မိသားစုလုံး ထမင်းငတ်တော့မယ်…ကူညီပါဆိုလို့ အိမ်ကို သွားစစ်ကြည့်တော့….စိစစ်ရေးမှူးပါ ငိုပြီးပြန်လာရတဲ့အဖြစ်

တစ္မိသားစုလံုး ထမင္းငတ္ေတာ့မယ္…ကူညီပါဆိုလို႔ အိမ္ကိုသြားစစ္ၾကည့္ေတာ့….စိစစ္ေရးမွဴးပါ ငိုျပီးျပန္လာရတဲ႔အျဖစ္ မနက္က မင္းရသ လူမွုကူညီေရး ပရဟိတအဖြဲ႕ ကို ဖုန္း ဝင္လာတယ္။ ေတာင္ဒဂုံမွာ တစ္အိမ္လုံးကို ရွာေကၽြးေနတဲ့ ေကာင္မေလးက က်န္းမာေရး မေကာင္းလို့ အလုပ္ ေျခာက္လ နားရမွာမို့မိသားစု ထမင္းငတ္ ရေတာ့မယ္ ကူညီပါတဲ့ ………

အဖြဲ႕က ေဒါက္တာ တစ္ေယာက္ နဲ႔ အတူ စိစစ္ေရးမွူး ကိုေဝႀကီးက သြားစစ္ေတာ့ သူပါ ငိုၿပီး ျပန္လာရတယ္။ အေၾကာင္းစုံကေတာ့အတူပါသြားတဲ့ စိစစ္ေရးမွူး ကိုေဝႀကီးရဲ့အမ်ိဳးသမီး မဒါ က ဟိုေရာက္ေတာ့ ေရးႀကီးသုတ္ျပာ ဖုန္းဆက္တယ္။

Advertisements

” ကိုမင္းေရ ေကာင္မေလးက အစ္မ အဖြားျဖစ္သလိုျဖစ္ေနတာ ေသြးေစာင့္တက္လိုက္တာနဲ႔ ပြဲခ်င္းၿပီးပဲ ဒါေပမဲ့ သူေရာဂါ ဒီ‌ ေလာက္ဆိုးမွန္း သူမသိရွာဘူး။ အခုလိုင္းဖြင့္ VD call နဲ႔ အစ္မျပမယ္ ” တဲ့ ကိုယ္လည္း လိုင္းဖြင့္VD call ေခၚၿပီး ခ်က္ခ်င္းၾကည့္လိုက္တယ္။

ဟုတ္တယ္ အဲ့ဒီေကာင္မေလး ရဲ့ မိသားစုမွ ာအသက္ ၇၀ ေက်ာ္အဖြား နဲ႔ တူ၊ တူမေလးေတြ သုံးေယာက္ရွိတယ္။ ေကာင္မေလးက ေပါင္ ေသြးေၾကာမွာ ေသြးခဲတာ။ လက္ရွိ ေသြးကို ေခ်ေနရတယ္။တစ္ခုခု လွုပ္ရွားမယ္ဆိုရင္ မဒါေျပာသလို ႐ုတ္တရက္ ဆုံးပါးသြားနိုင္တဲ့ အေျခအေန။

Advertisements
READ  လူနာအမှတ် ၁၈၂ နှင့် မလေးရှားမှ လေယာဉ်အတူစီးပြန်လာခဲ့သူ ၁၂၀ ခန့်ရှိ

ကိုယ္ေတြ အဖြဲ႕ က ဆန္၊ဆီ၊ဆား ကူညီဖို့သြားတာ ဟိုေရာက္ေတာ့အေျခအေနမွန္ကို သိရၿပီး ဘာလုပ္လို့ ဘာကိုင္ရမွန္း မသိျဖစ္ကုန္တယ္။က်န္းမာေရးက ေစာေစာက ေျပာတဲ့အတိုင္း ေဆးကုသမွု စရိတ္လိုတယ္။

စားေရး ေသာက္ေရးေကာ အဆင္ေျပလား ဆိုေတာ့ မီးဖိုေခ်ာင္ကဆီပုလင္းကို လက္ညႇိုးထိုးျပတယ္။ လက္ႏွစ္လုံးပဲ က်န္ေတာ့တယ္ …တဲ့။ ဒီေန႔ ဘာနဲ႔ စားလဲ ဆိုေတာ့ … ကန္စြန္းရြက္ ခူးၿပီး ျပဳတ္စားတယ္တဲ့ ။

အဲ့ဒါ ဟင္းလားဟင္ … VD call ထဲက ပဲ ကၽြန္ေတာ္ ငိုမိတယ္။အခု COVID-19 ကာလ ကူညီမွုေတြ ထဲမွာ သူတို့ကို ဦးစားေပး အျမန္ဆုံး ကူညီဖို့ စိစစ္ေရးမွူး ကိုေဝႀကီးက လမ္းေၾကာင္းကျပန္လာေတာ့ လွမ္းေျပာတယ္။ သူ႔စကားမဆုံးခင္မွာပဲကၽြန္ေတာ္ အတည္ျပဳေပးမိလိုက္တယ္….. ၅ ရက္ေန႔ အဲ့ဒီေကာင္မေလး အိမ္ကို သြားကူညီမွာပါ။ ပါဝင္ကူညီခ်င္ရင္ – 09448546852

Advertisements
READ  သထုံပြည်သူတွေ covid 19 သတင်းကို အထူးရင်ခုန်စွာ စောင့်ကြည့်နေကြတော့မှာ
############################################################

တစ်မိသားစုလုံး ထမင်းငတ်တော့မယ်…ကူညီပါဆိုလို့ အိမ်ကိုသွားစစ်ကြည့်တော့….စိစစ်ရေးမှူးပါ ငိုပြီးပြန်လာရတဲ့အဖြစ်

မနက်က မင်းရသ လူမှုကူညီရေး ပရဟိတအဖွဲ့ ကို ဖုန်း ဝင်လာတယ်။ တောင်ဒဂုံမှာ တစ်အိမ်လုံးကို ရှာကျွေးနေတဲ့ ကောင်မလေးက ကျန်းမာရေး မကောင်းလို့ အလုပ် ခြောက်လ နားရမှာမို့မိသားစု ထမင်းငတ် ရတော့မယ် ကူညီပါတဲ့ ………

အဖွဲ့က ဒေါက်တာ တစ်ယောက် နဲ့ အတူ စိစစ်ရေးမှူး ကိုဝေကြီးက သွားစစ်တော့ သူပါ ငိုပြီး ပြန်လာရတယ်။ အကြောင်းစုံကတော့အတူပါသွားတဲ့ စိစစ်ရေးမှူး ကိုဝေကြီးရဲ့အမျိုးသမီး မဒါ က ဟိုရောက်တော့ ရေးကြီးသုတ်ပြာ ဖုန်းဆက်တယ်။

” ကိုမင်းရေ ကောင်မလေးက အစ်မ အဖွားဖြစ်သလိုဖြစ်နေတာ သွေးစောင့်တက်လိုက်တာနဲ့ ပွဲချင်းပြီးပဲ ဒါပေမဲ့ သူရောဂါ ဒီ‌ လောက်ဆိုးမှန်း သူမသိရှာဘူး။ အခုလိုင်းဖွင့် VD call နဲ့ အစ်မပြမယ် ” တဲ့ ကိုယ်လည်း လိုင်းဖွင့်VD call ခေါ်ပြီး ချက်ချင်းကြည့်လိုက်တယ်။

ဟုတ်တယ် အဲ့ဒီကောင်မလေး ရဲ့ မိသားစုမှ ာအသက် ၇၀ ကျော်အဖွား နဲ့ တူ၊ တူမလေးတွေ သုံးယောက်ရှိတယ်။ ကောင်မလေးက ပေါင် သွေးကြောမှာ သွေးခဲတာ။ လက်ရှိ သွေးကို ချေနေရတယ်။တစ်ခုခု လှုပ်ရှားမယ်ဆိုရင် မဒါပြောသလို ရုတ်တရက် ဆုံးပါးသွားနိုင်တဲ့ အခြေအနေ။

ကိုယ်တွေ အဖွဲ့ က ဆန်၊ဆီ၊ဆား ကူညီဖို့သွားတာ ဟိုရောက်တော့အခြေအနေမှန်ကို သိရပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ကုန်တယ်။ကျန်းမာရေးက စောစောက ပြောတဲ့အတိုင်း ဆေးကုသမှု စရိတ်လိုတယ်။

Advertisements

စားရေး သောက်ရေးကော အဆင်ပြေလား ဆိုတော့ မီးဖိုချောင်ကဆီပုလင်းကို လက်ညှိုးထိုးပြတယ်။ လက်နှစ်လုံးပဲ ကျန်တော့တယ် …တဲ့။ ဒီနေ့ ဘာနဲ့ စားလဲ ဆိုတော့ … ကန်စွန်းရွက် ခူးပြီး ပြုတ်စားတယ်တဲ့ ။

အဲ့ဒါ ဟင်းလားဟင် … VD call ထဲက ပဲ ကျွန်တော် ငိုမိတယ်။အခု COVID-19 ကာလ ကူညီမှုတွေ ထဲမှာ သူတို့ကို ဦးစားပေး အမြန်ဆုံး ကူညီဖို့ စိစစ်ရေးမှူး ကိုဝေကြီးက လမ်းကြောင်းကပြန်လာတော့ လှမ်းပြောတယ်။ သူ့စကားမဆုံးခင်မှာပဲကျွန်တော် အတည်ပြုပေးမိလိုက်တယ်….. ၅ ရက်နေ့ အဲ့ဒီကောင်မလေး အိမ်ကို သွားကူညီမှာပါ။ ပါဝင်ကူညီချင်ရင် – 09448546852

Add a Comment

Your email address will not be published. Required fields are marked *