.

ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မပါသဖြင့် မြန်မာပြည်က ဆန်များကို တရုတ် လက်မခံ

ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မပါလို့ မြန်မာပြည်ကဆန်တွေကို တရုတ်နိုင်ငံဆီ တင်ပို့လို့မရဘဲ မူဆယ်နယ်စပ်မှာ ဆန်အိတ်‌ေတွသောင်းနဲ့ချီ သောင်တင်နေပါတယ်။

ဧပြီ ၃ရက်ကစတင်ပြီး မူဆယ်နယ်စပ်မှာ တရုတ်ပြည်ဝင်ရောက်လာတဲ့ ဆန်ကားတွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် တောင်းခံမှုတွေ ရှိနေတာပါ။ ဒါပေမဲ့ မြန်မာလုပ်ငန်းရှင်တွေဘက်က သူတို့တောင်းခံတဲ့ လက်မှတ်ကို မပေးနိုင်တာကြောင့် တရုတ်ပြည်အတွင်းကို ဝင်ရောက်ခွင့်မရဘူးလို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။


ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်စာရွက်ကို လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးဦးစီးဌာနကို တောင်းခံထားပေမဲ့လည်း အစိုးရဌာနဘက်က ထုတ်ပေးနိုင်ခြင်း မရှိသေးလို့လည်း ဆိုပါတယ်။

READ  အတုယူဆောင်ရွက်သင့်တဲ့ လောက်ကိုင်က EPC မီတာစနစ်

မြန်မာနိုင်ငံမှာ ဒီလက်မှတ်ကို စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးရမှာပါ။ ဒါပေမဲ့ ဌာနက ခုချိန်ထိထုတ်မပေးနိုင်သေးဘူး” လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
ဒါကြောင့်မူဆယ်နယ်စပ်မှာ ဆန်တန်ချိန် ၃၀၀၀ လောက် ဆန်အိတ်အရေအတွက်အားဖြင့် ၆၀၀၀၀ လောက်ဟာ တစ်လလောက် သောင်တင်နေပါတယ်။

Advertisements

Unicode

READ  COVID-19 လူနာနံပါတ် (၃) သည် လဝကပုံစံဖြည့်ရာတွင် အင်္ဂလန်အစား ဘာဘေးဒိုးစ်ဟု လွှဲဖြည့်ခဲ့ကြောင်း ပေါ်ပေါက်



Advertisements
Advertisements


Add a Comment

Your email address will not be published. Required fields are marked *