.

ကိုဗစ်လူနာအမှတ် (၁၄၄)၏ စက်ရုံမှ အလုပ်သမားအချို့ နေအိမ်ပြန်ဖို့ ရပ်ရွာတွေက လက်မခံ

ဖိနပ်စက်ရုံက ကိုဗစ်လူနာအမှတ်-၁၄၄ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက အလုပ်သမားအချို့ နေအိမ်တွေပြန်ဖို့ ရပ်ရွာက လက်မခံတာတွေရှိနေလို့ Quarantine ထားရှိပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီကို စာပို့တောင်းဆိုသွားမယ်လို့ သိရပါတယ် ။

ပိုးတွေ့လူနာဟာ လက်ရှိအချိန်မှာ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမူခံယူထားပေမယ့် သူ့နေရပ်မပြန်ခင်က စကားပြန်အဖြစ်လိူင်သာယာမြို့နယ်ရှိ အလုပ်သမားပေါင်း ၉၀၀၀ ကျော်ရှိတဲ့ ဖိနပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် စက်ရုံဝန်ထမ်းတွေကို Quarantine ထားရှိဖို့ တောင်းဆိုတာဖြစ်တယ်လို့ လိူင်သာယာမြို့နယ် လူသုံးကုန်မြို့နယ်အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။

“သူက ဘယ်ကကူးလာတယ်ဆိုတာကိုမသိတော့ ဝန်ထမ်းတွေအကုန်ကို Quarantine ထားစေချင်တယ် သည်ကနေ့ အလုပ်လာဆင်းသူအချို့ကို ရပ်ရွာတွေက လက်မခံဘူးပြောနေသလို လှိုင်သာယာကအချို့အဆောင်တွေကလဲ လက်မခံဘူးဖြစ်နေတော့ သူတို့တွေအခက်အခဲ ဖြစ်နေကြတယ် ဒါကြောင့်တောင်းဆိုတာပါ” လို့ ပြောပါတယ် ။

Advertisements

သည်ဖိနပ်စက်ရုံဟာ မနေ့က စဖွင့်တာဖြစ်လို့ အလုပ်ဆင်းတဲ့အလုပ်သမားဦးရေ ၂၀၀၀ ခန့်ရှိနေတယ်လို့ဆိုပါတယ် ။ သည်လိုအခြေနေတွေကြောင့် သည်ကနေ့နေ့လည်မှာ စက်ရုံကိုယာယီပိတ်ထားတယ်လို့ ဆိုပြီး အလုပ်သမားအဖွဲ့အစည်းတွေကတော့ ဝန်ထမ်းတွေကို နေထိုင်ရာ နေရာတွေမပြန်ကြဖို့နဲ့ သည်အလုပ်သမား ၉၀၀၀ကျော်အတွက် နိုင်ငံတော်အစိုးရက နေရာထိုင်ခင်းနဲ့အစားအသောက် တွေစီစဉ်ပေးဖို့တောင်းဆိုထားပါတယ် ။သည်စက်ရုံဟာ လိူင်သာယာ မြို့နယ်မှာ အကြီးဆုံး စက်ရုံစာရင်းဝင်တဲ့ စက်ရုံတစ်ခုဖြစ်နေတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့အစည်းတွေကပြောပါတယ်။ ” ချန်းရီ ဖိနပ်စက်ရုံပါ။ နေရာတိုင်းမှာ ချန်းရီအလုပ်သမားများတယ်။ အလုပ်သမားတော်တော်များများက အဆောင်မှာနေကြတယ်။ အဆောင်ဆိုတာ စက်ရုံပေါင်းစုံက စုနေတာဖြစ်တယ်။ အလုပ်သမားတစ်ယောက်ကူးလာပြီဆိုတော့ ခုဘယ်သူဆီမှာ ရှိမလဲ မသိနိုင်ဘူး။ ဒါကြောင့်စက်ရုံအလုပ်သမားတွေကို ကွာရန်တင်းထားရမယ်။ မဟုတ်ရင် ဒီထက်ဆိုး တဲ့အခြေအနေဖြစ်လာနိုင်တယ်။ ” လို့ကိုမျိုးဇော်က ပြောပါတယ်။


လှိုင်သာယာစက်ရုံမှာ Case-144 လူနာ စကားပြန်နဲ့ အဓိကထိတွေ့ခဲ့သူတွေကို စီစစ်နေပြီး Quarantine သို့ အမြန်ဆုံး ပို့ဆောင်သွားဖို့စီစဉ်နေတယ်လို့ လှိုင်သာယာမြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁ ဦးဝင်းမောင်က ပြောပါတယ်။ “Case-144 (လှိုင်သာယာမှာစက်ရုံတွင် အလုပ်ဆင်းခဲ့သော စကားပြန်) နှင့်အဓိကထိတွေ့ခဲ့သူများကို စိစစ်နေပါပြီ Quarantine သို့ အမြန်ဆုံး ပို့ဆောင်သွားရန်စီစဉ်နေပါသည်။” လို့ ပြောပါတယ်။
လက်ရှိ လိူင်သာယာမြို့နယ်မှာ စက်ရုံပေါင်း ၇၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ် ။ လိုင်သာယာမြို့နယ်နဲ့ ပတ်သက်တဲ့အခြေနေတွေကို လွှတ်တော်ကိုယ်စားလှယ်က ခုလိုရှင်းပြထားပါတယ် ။ Case-144 နှင့်ပက်သက်ပြီးလှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုံကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေးဌာန၊အလုပ်သမားဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်ဌာနဆိုင်ရာတာဝန် ရှိသူများသွားရောက်ကာလိုအပ်သည်များကိုအမြန်ဆုံး ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ။

READ  ထိုင်းနိုင်ငံမှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ မြန်မာ ဇနီးမောင်နှံ (၂)ဦး မြန်မာပြည်က မိဘတွေသိအောင် ရှယ်ပေးပါဦး

Case-144 နဲ့ထိတွေ့ခဲ့သူများကိုလည်းချက်ချင်း Quarantine Centre များ သို့ပို့ပေးနေပါပြီ၊ Case-144 ပြသခဲ့သောစက်ရုံတွင်း ဆေးခန်းနဲ့လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်ကျန်စစ်သား လမ်းက ဆေးခန်းတစ်ခုမှ ထိတွေ့ခဲ့သောဆရာဝန်၊ သူနာပြု ဓါတ်မှန်ဆရာများကိုလည်း Quarantine Centre သို့ပို့ရန်စီစဉ်နေတယ်လို့ ပြောပါတယ် ။

Advertisements

Unicode




Advertisements


Add a Comment

Your email address will not be published. Required fields are marked *