.

မလေးရှားမှ ထိုင်းသို့ တရားမဝင် လာရောက်သည့် မြန်မာလုပ်သား ၃၄ ဦးတွင် ရောဂါပိုးတွေ့

Zawgyiျဖင့္ဖတ္ရန္

မေလးရွားႏိုင္ငံတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ ေရာက္လာသည့္ ျမန္မာလုပ္သား ၃၄ ဦးမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိၿပီး ထိုင္းႏိုင္ငံ၌ ျမန္မာ လုပ္သား ၅၀ ထက္မနည္း ေရာဂါ ပိုးကူးစက္ခံေနရသည္။

မေလးရွားႏိုင္ငံမွ တစ္ဆင့္ ျမန္မာလုပ္သားအပါအဝင္ ေ႐ႊ႕ ေျပာင္းလုပ္သားမ်ားသည္ ထိုင္း ႏိုင္ငံ ဆုန္ခလာခ႐ိုင္အတြင္းသို႔ ဝင္ေရာက္လာရာ ၎တို႔ကို ထိန္း သိမ္း၍ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆး ရာ ေ႐ႊ႕ေျပာင္းလုပ္သား ၄၂ ဦး တြင္ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ထိုင္းအစိုးရက ယမန္ေန႔တြင္ ထုတ္ျပန္သည္။

ပိုးေတြ႕ရွိသူ ေ႐ႊ႕ေျပာင္းလုပ္ သား ၄၂ ဦးအနက္မွ ၃၄ ဦးသည္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားျဖစ္ ေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္ မာသံ႐ုံးမွ အလုပ္သမားသံအရာရွိ ဦးမ်ိဳးျမင့္ႏိုင္က 9han Info သို႔ အတည္ျပဳသည္။

Advertisements

‘‘ျမန္မာလုပ္သားေတြ ေရာ ဂါပိုးေတြ႕တယ္ဆိုတာ ဟုတ္ပါ တယ္။ သူတို႔က မေလးကေန ဆုန္ခလာကို ဝင္လာၾကတာ။ အဲဒီမွာ ထိန္းသိမ္းေရးစခန္းမွာ ေခၚယူထားတဲ့သူေတြပါ။ သူတို႔ ကို ေရာဂါပိုးစစ္ေဆးေတာ့ ပိုး ေတြ႕တယ္လို႔ အေျဖထြက္တာ။ သူတို႔ကို ဆုန္ခလာမွာပဲ ေဆးကု သမႈေပးေနပါတယ္”ဟု သံအရာ ရွိ ဦးမ်ိဳးျမင့္ႏိုင္က ေျပာသည္။

ထိုင္းေရာက္ ျမန္မာလုပ္ သားမ်ားအနက္ ဧၿပီ ၁၇ ရက္အ ထိ ျမန္မာလုပ္သား ၁၇ ဦး ေရာဂါ ပိုးကူးစက္ခံထားရၿပီး ယခုတိုး လာသူမ်ားႏွင့္ဆိုပါက ျမန္မာလုပ္ သား ၅၁ ဦးအထိ ေရာဂါပိုး ကူး စက္ခံထားရသည္။

Advertisements

‘‘ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအ တြက္ လြန္စြာစိုးရိမ္ပါတယ္။ ထိုင္းက်န္းမာေရး ဝန္ႀကီးဌာန အေနနဲ႔ မၾကာေသးခင္က လုပ္ ငန္းခြင္မွာ မည္သို႔ေနထိုင္လုပ္ ကိုင္ရမယ္ဆိုတဲ့ ၫႊန္ၾကားထား တဲ့အတိုင္း လုပ္ငန္းခြင္မွာရွိတဲ့ စြန႔္ပစ္ပစၥည္းေတြ စနစ္တက်စြန႔္ ပစ္ေရး၊ လုပ္ငန္းခြင္မ်က္ႏွာျပင္ ေတြကို သန႔္ရွင္းေရး၊ မ်က္ႏွာဖုံး စြပ္ၿပီး လက္မၾကာခဏေဆးေရးနဲ႔ တစ္ဦးႏွင့္တစ္ဦး အနည္းဆုံး တစ္မီတာ၊ ႏွစ္မီတာကြာေနေရးနဲ႔ လူစုလူေဝးေတြကို ေရွာင္ရွားဖို႔ ၫႊန္ၾကားထားတာေတြ ရွိပါ တယ္။ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္ သမားေတြအေနနဲ႔ ထိုင္းအစိုးရ ၫႊန္ၾကားထားတဲ့အတိုင္း တိတိ က်က် လိုက္နာေဆာင္႐ြက္ဖို႔ တိုက္တြန္းလိုပါတယ္”ဟု ထိုင္း ႏိုင္ငံေတာင္ပိုင္းအေျခစိုက္ ပညာ ေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ ေဒးရွင္း (FED) ဒါ႐ိုက္တာ ဦးထူး ခ်စ္က ေျပာသည္။

READ  ကိုဗစ်အတွက် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များက လစာထဲမှ ၂၅ ရာခိုင်နှုန်းကို ၆ လဆက်တိုက် လှူဒါန်းမည်

ထိုင္းႏိုင္ငံတြင္ ယမန္ေန႔က ပိုးေတြ႕လူနာ ၅၃ ဦး ထပ္မံတိုး လာရာ ျမန္မာလုပ္သား ၃၄ ဦး ပါဝင္လာျခင္းလည္း ျဖစ္သည္။ ထိုင္းႏိုင္ငံတြင္ COVID-19 ကူး စက္ခံရသူ ၂,၉၀၇ ဦးရွိၿပီး ၅၁ ဦး ေသဆုံးခဲ့သည္။

မေလးရွားေရာက္ ျမန္မာ လုပ္သားမ်ားအနက္ ျမန္မာလုပ္ သား ၅၀ ခန႔္မွာ ေရာဂါပိုး ကူး စက္ခံေနရၿပီး စင္ကာပူေရာက္ ျမန္မာလုပ္သား ၁၀၀ ခန႔္လည္း ေရာဂါပိုး ကူးစက္ခံထားရ ေၾကာင္း ယင္းႏိုင္ငံမ်ားရွိ ျမန္မာ လုပ္သားမ်ားအေရး ကူညီေပးေန ေသာ ျမန္မာအဖြဲ႕အစည္းမ်ားက ေျပာသည္။

စင္ကာပူေရာက္ ျမန္မာလုပ္ သားမ်ား ေရာဂါပိုးကူးစက္ခံရမႈ အေရအတြက္ကိုသိရွိရန္ 9han Info က ျမန္မာသံ႐ုံးသို႔ ဆက္ သြယ္ေမးျမန္းရာ ေျဖဆိုျခင္းမရွိ ေသးေပ။ ဧၿပီ ၃၀ ရက္ ေနာက္ပိုင္းတြင္ ထိုင္းႏိုင္ငံရွိ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သား လူဦးေရ ေသာင္းခ်ီျပန္ လာရန္ရွိေနၿပီး ထိုသို႔ ျပန္လာသူ မ်ားကို သက္ဆိုင္ရာ တိုင္းႏွင့္ ျပည္နယ္သို႔ က်န္းမာေရးစစ္ေဆး ကာ အျမန္ဆုံးပို႔ေပးမည္ဟု ႏိုင္ ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဧၿပီ ၂၄ ရက္တြင္ ျပဳလုပ္သည့္ ခ်င္း ျပည္နယ္ရွိ COVID-19 ကာ ကြယ္ ကုသေရးတြင္ ပါဝင္သူမ်ားႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံေဆြးေႏြးမႈတြင္ ေျပာၾကားသည္။

Advertisements

 

Unicodeဖြင့်ဖတ်ရန်

မလေးရှားမှ ထိုင်းသို့ တရားမဝင် လာရောက်သည့် မြန်မာလုပ်သား ၃၄ ဦးတွင် ရောဂါပိုးတွေ့

မလေးရှားနိုင်ငံတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင် ရောက်လာသည့် မြန်မာလုပ်သား ၃၄ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိပြီး ထိုင်းနိုင်ငံ၌ မြန်မာ လုပ်သား ၅၀ ထက်မနည်း ရောဂါ ပိုးကူးစက်ခံနေရသည်။

မလေးရှားနိုင်ငံမှ တစ်ဆင့် မြန်မာလုပ်သားအပါအဝင် ရွှေ့ ပြောင်းလုပ်သားများသည် ထိုင်း နိုင်ငံ ဆုန်ခလာခရိုင်အတွင်းသို့ ဝင်ရောက်လာရာ ၎င်းတို့ကို ထိန်း သိမ်း၍ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး ရာ ရွှေ့ပြောင်းလုပ်သား ၄၂ ဦး တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရက ယမန်နေ့တွင် ထုတ်ပြန်သည်။

ပိုးတွေ့ရှိသူ ရွှေ့ပြောင်းလုပ် သား ၄၂ ဦးအနက်မှ ၃၄ ဦးသည် မြန်မာရွှေ့ပြောင်းလုပ်သားဖြစ် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန် မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်က 9han Info သို့ အတည်ပြုသည်။

‘‘မြန်မာလုပ်သားတွေ ရော ဂါပိုးတွေ့တယ်ဆိုတာ ဟုတ်ပါ တယ်။ သူတို့က မလေးကနေ ဆုန်ခလာကို ဝင်လာကြတာ။ အဲဒီမှာ ထိန်းသိမ်းရေးစခန်းမှာ ခေါ်ယူထားတဲ့သူတွေပါ။ သူတို့ ကို ရောဂါပိုးစစ်ဆေးတော့ ပိုး တွေ့တယ်လို့ အဖြေထွက်တာ။ သူတို့ကို ဆုန်ခလာမှာပဲ ဆေးကု သမှုပေးနေပါတယ်”ဟု သံအရာ ရှိ ဦးမျိုးမြင့်နိုင်က ပြောသည်။

ထိုင်းရောက် မြန်မာလုပ် သားများအနက် ဧပြီ ၁၇ ရက်အ ထိ မြန်မာလုပ်သား ၁၇ ဦး ရောဂါ ပိုးကူးစက်ခံထားရပြီး ယခုတိုး လာသူများနှင့်ဆိုပါက မြန်မာလုပ် သား ၅၁ ဦးအထိ ရောဂါပိုး ကူး စက်ခံထားရသည်။

‘‘ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအ တွက် လွန်စွာစိုးရိမ်ပါတယ်။ ထိုင်းကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ မကြာသေးခင်က လုပ် ငန်းခွင်မှာ မည်သို့နေထိုင်လုပ် ကိုင်ရမယ်ဆိုတဲ့ ညွှန်ကြားထား တဲ့အတိုင်း လုပ်ငန်းခွင်မှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျစွန့် ပစ်ရေး၊ လုပ်ငန်းခွင်မျက်နှာပြင် တွေကို သန့်ရှင်းရေး၊ မျက်နှာဖုံး စွပ်ပြီး လက်မကြာခဏဆေးရေးနဲ့ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာ၊ နှစ်မီတာကွာနေရေးနဲ့ လူစုလူဝေးတွေကို ရှောင်ရှားဖို့ ညွှန်ကြားထားတာတွေ ရှိပါ တယ်။ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေအနေနဲ့ ထိုင်းအစိုးရ ညွှန်ကြားထားတဲ့အတိုင်း တိတိ ကျကျ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ထိုင်း နိုင်ငံတောင်ပိုင်းအခြေစိုက် ပညာ ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူး ချစ်က ပြောသည်။

ထိုင်းနိုင်ငံတွင် ယမန်နေ့က ပိုးတွေ့လူနာ ၅၃ ဦး ထပ်မံတိုး လာရာ မြန်မာလုပ်သား ၃၄ ဦး ပါဝင်လာခြင်းလည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် COVID-19 ကူး စက်ခံရသူ ၂,၉၀၇ ဦးရှိပြီး ၅၁ ဦး သေဆုံးခဲ့သည်။

Advertisements

မလေးရှားရောက် မြန်မာ လုပ်သားများအနက် မြန်မာလုပ် သား ၅၀ ခန့်မှာ ရောဂါပိုး ကူး စက်ခံနေရပြီး စင်ကာပူရောက် မြန်မာလုပ်သား ၁၀၀ ခန့်လည်း ရောဂါပိုး ကူးစက်ခံထားရ ကြောင်း ယင်းနိုင်ငံများရှိ မြန်မာ လုပ်သားများအရေး ကူညီပေးနေ သော မြန်မာအဖွဲ့အစည်းများက ပြောသည်။

စင်ကာပူရောက် မြန်မာလုပ် သားများ ရောဂါပိုးကူးစက်ခံရမှု အရေအတွက်ကိုသိရှိရန် 9han Info က မြန်မာသံရုံးသို့ ဆက် သွယ်မေးမြန်းရာ ဖြေဆိုခြင်းမရှိ သေးပေ။ ဧပြီ ၃၀ ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သား လူဦးရေ သောင်းချီပြန် လာရန်ရှိနေပြီး ထိုသို့ ပြန်လာသူ များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်သို့ ကျန်းမာရေးစစ်ဆေး ကာ အမြန်ဆုံးပို့ပေးမည်ဟု နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၄ ရက်တွင် ပြုလုပ်သည့် ချင်း ပြည်နယ်ရှိ COVID-19 ကာ ကွယ် ကုသရေးတွင် ပါဝင်သူများနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွင် ပြောကြားသည်။

Add a Comment

Your email address will not be published. Required fields are marked *