.

မုံရွာတွင် နှာခေါင်းစည်းမတပ်သူအား တားသည့် ယာဉ်ထိန်းရဲ ဓားခုတ်ခံရ

မုံရြာတြင္ ႏွာေခါင္းစည္းမတပ္ဘဲ လမ္းမေပၚထြက္သည့္ အမ်ိဳးသားတစ္ဦးအား ယာဥ္ထိန္းရဲ မွတားျမစ္ေျပာဆိုရာ ဓားခုတ္မွု ျဖစ္ပြားခဲ့သည္။

ယေန႔နံနက္ပိုင္း ၁၀ နာရီခန႔္က သာစည္လမ္းႏွင့္ၿမိဳ့ပတ္လမ္းေထာင့္ အဝိုင္းပတ္တြင္ COVID-19 ကာကြယ္တားဆီးေရးအတြက္ အဖြဲ႕စုံျဖင့္ ပညာေပးမွုမ်ား ေဆာင္ရြက္ေနစဥ္ ယင္းကဲ့သို့ ျဖစ္ပြားခဲ့ေၾကာင္း ခ်မ္းျမဝတီ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး ဦးခင္ေမာင္းခ်င္း ကေျပာသည္။

“ယာဥ္ထိန္းက Mask (ႏွာေခါင္းစည္း) မပါလို့ တားၿပီးေျပာတာကို မေက်မနပ္ျဖစ္ၿပီး ရြာျပန္သြားတယ္။ ေနာက္ ဓားယူလာၿပီး တားတဲ့ယာဥ္ထိန္းကို ခုတ္ထြက္ေျပးသြားတာ” ဟု ၎က ဆက္ေျပာသည္။

Advertisements

ဓားျဖင့္ခုတ္ ထြက္ေျပးသြားသူမွာ ကံျပားရြာမွ သက္ ၄၀ အရြယ္အမ်ိဳးသားျဖစ္သည္။ ၎ကို ရဲတပ္ဖြဲ႕မွ လိုက္လံဖမ္းဆီးရာ မဂၤလာကုန္းရြာအနီးတြင္ ဖမ္းမိခဲ့သည္။

“ခြူးလေး”ကတော့ အိမ်မှာနေရတာတွေများလာတော့ ငယ်မူတောင်ပြန်နေပြီတဲ့ ☺😍😘

Advertisements

ဓားခုတ္ခံရသည့္ ယာဥ္ထိန္းမွာ တိမ္းေရွာင္လိုက္သျဖင့္ အနည္းငယ္သာ ထိခိုက္ပြန္းပဲ့ဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္ ၁၁၂ ယာဥ္ထိန္းတပ္ဖြဲ႕စုမွူး (မုံရြာ) မွ ဒုရဲမွူး ေဇာ္ဝင္းနိုင္က ဆိုသည္။

 

Unicode

မုံရွာတွင် နှာခေါင်းစည်းမတပ်သူအား တားသည့် ယာဉ်ထိန်းရဲ ဓားခုတ်ခံရ

Advertisements

မုံရွာတွင် နှာခေါင်းစည်းမတပ်ဘဲ လမ်းမပေါ်ထွက်သည့် အမျိုးသားတစ်ဦးအား ယာဉ်ထိန်းရဲ မှတားမြစ်ပြောဆိုရာ ဓားခုတ်မှု ဖြစ်ပွားခဲ့သည်။

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က သာစည်လမ်းနှင့်မြို့ပတ်လမ်းထောင့် အဝိုင်းပတ်တွင် COVID-19 ကာကွယ်တားဆီးရေးအတွက် အဖွဲ့စုံဖြင့် ပညာပေးမှုများ ဆောင်ရွက်နေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ချမ်းမြဝတီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်းချင်း ကပြောသည်။

“ယာဉ်ထိန်းက Mask (နှာခေါင်းစည်း) မပါလို့ တားပြီးပြောတာကို မကျေမနပ်ဖြစ်ပြီး ရွာပြန်သွားတယ်။ နောက် ဓားယူလာပြီး တားတဲ့ယာဉ်ထိန်းကို ခုတ်ထွက်ပြေးသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

Advertisements

ဓားဖြင့်ခုတ် ထွက်ပြေးသွားသူမှာ ကံပြားရွာမှ သက် ၄၀ အရွယ်အမျိုးသားဖြစ်သည်။ ၎င်းကို ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ မင်္ဂလာကုန်းရွာအနီးတွင် ဖမ်းမိခဲ့သည်။

ဓားခုတ်ခံရသည့် ယာဉ်ထိန်းမှာ တိမ်းရှောင်လိုက်သဖြင့် အနည်းငယ်သာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး (မုံရွာ) မှ ဒုရဲမှူး ဇော်ဝင်းနိုင်က ဆိုသည်။

READ  အောင်မင်္ဂလာဂိတ်ကနေ မြို့ပေါင်း ၂၀ ကျော်ကို အဝေးပြေးယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ

Add a Comment

Your email address will not be published. Required fields are marked *