.

တရုတ်မှ နိုင်ငံမှ ပြည်တော်ပြန်မြန်မာများအား (ဧပြီ၁၆)ယနေ့မနက် ၇ နာရီမှာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စနစ်တကျ စိစစ်လက်ခံပေးနေ

တရုတ်မှ ပြည်တော်ပြန်မြန်မာများအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စနစ်တကျ စိစစ်လက်ခံပေးနေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ဂိတ်အမှတ်(၂)တွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများ အား သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲကမှ စနစ်တကျ စိစစ် လက်ခံဆောင်ရွက်နေကြောင်း ကနဦး သိရသည်။

Advertisements

ပြည်တော်ပြန် ဝင်ရောက်လာမည့် တရုတ်နိုင်ငံသား(၁၀၀၀၀)ခန့် ရှိကြောင်း သိရပြီး ယနေ့ ဧပြီလ ၁၆ ရက်၊ နံနက် ၇ နာရီမှ  စတင်ကာ စိစစ်လက်ခံပေးလျှက်ရှိပြီး တစ်ရက်လျှင် လူ(၂၀၀) ဝန်းကျင်ခန့်သာ စိစစ်လက်ခံနိုင်မည် ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို စနစ်တကျ စိစစ်လက်ခံ ပေးနေသည့်အပြင် လွယ်ဂျယ်မှ မိုးမောက်၊ ဗန်းမော်ဘက်သို့ မော်တော်ယာဉ်များ စီစဉ်ထားကြောင်း သိရသည်။

Advertisements

ခိုးကြောင်ခိုးဝှက် ကုသခဲ့‌တဲ့ ဂျေမီကြောင့် အပြစ်မဲ့သူတစ်စု ထပ်မံထိခိုက်

ယင်းပြည်တော်ပြန်နိုင်ငံသားများကို သက်ဆိုင်ရာ မြို့နယ်များရှိ Quarantine စောင့်ကြည့်ရေး စခန်းများတွင် ထားရှိကာ သက်မှတ်ရက်အထိ စောင့်ကြည့်သွားမည်ဟု သိရသည်။

အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ ဝင်ရောက်လာမည့်သူများအတွက် Quarantine စောင့်ကြည့်ရေးစခန်းများ တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

Advertisements

 

Advertisements
READ  တရုပ်တွင် နေပြန်ကောင်း၍ ဆေးရုံမှဆင်းသွားသော COVID-19 လူနာများတွင် ရက် ၇၀ ကြာပြီးနောက် POSITIVE ပြန်ဖြစ်နေ

Add a Comment

Your email address will not be published. Required fields are marked *