.

အီတလီနိုင်ငံသားတ‌ယောက် နိုင်ငံအတွင်းရောဂါပြန့်ပွားပုံကို Twitter ကနေအဆင့်၆ဆင့်နဲ့ ရှင်းပြထားတာပါ

အီတလီနိုင်ငံသားတ‌ယောက် နိုင်ငံအတွင်းရောဂါပြန့်ပွားပုံကို Twitter ကနေအဆင့်၆ဆင့်နဲ့ ရှင်းပြထားတာပါ။ Original Post ကို Twitter ကနေ JasonYanowitz အကောင့်မှာရှာကြည့်နိုင်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်ပါတယ်။

အီတလီဟာကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိန်းသိမ်းထားရတဲ့အခြေအနေ‌ရောက်နေပြီဆိုတာ အားလုံးသိမယ်ထင်ပါတယ်

အခြေအနေ‌က‌တော့ဆိုးနေပါပြီ ဒါပေမဲ့ ဒီထက်ပိုဆိုးတာက ကျန်ရှိနေတဲ့နိုင်ငံတွေက သူတို့ဆီမှာ ဒီလိုတော့မဖြစ်လောက်ဘူးလို့ထင်နေကြတဲ့အဖြစ်ပါဘဲ

မင်းတို့ဘယ်လိုတွေးနေလဲဆိုတာငါတို့သိပါတယ်။ ဘာလို့လဲဆိုတေ့ာ ငါတို့လည်း မင်းတို့တွေးနေသလို တွေးခဲ့လို့ပါဘဲ

အခြေအနေ‌တွေဘယ်လိုပြောင်းလဲလာလဲဆိုတာကြည့်ကြရအောင်

အဆင့်(၁)

ကိုယ့်နိုင်ငံထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်လူနာ တ‌ယောက်စတွေ့တယ်။

ဘာမှတေ့ာစိုးရိမ်စရာမလိုသေးပါဘူး၊ ဆိုးဝါးတဲ့ငှက်ဖျားရောဂါပိုးတမျိုးဘဲလေ

ငါကမှအသက် ၇၅ မကျော်သေးတာ ဘာမှမဖြစ်ပါဘူးလေ

အဆင့်(၁) အဆက်

ဘာမှဖြစ်တာလည်းမဟုတ် အကုန်လုံးကအစိုးရိမ်လွန်နေကြတယ်။

Mask တွေနဲ့အပြင်ထွက်စရာလိုလို့လား

အေးဆေးဘဲဆက်နေလိုက်ဦးမယ် ကြောက်စရာမှမလိုတာ

အဆင့်(၂)

အဆင့်၂ ကိုရောက်တဲ့အချိန်မှာတော့ ကူးစက်လူနာကတဖြည်းဖြည်းသိသာလာပြီ။

ပထမအသုတ်ကူးစက်ခံရတဲ့ မြို့သေးလေး၂ခုလောက် ကို ‌အနီရောင်အဆင့်ဒေသလို့ ကြေညာပြီးထိန်းသိမ်း(quarantine)ထားလိုက်ပြီ။

လူတော်တော်များများကူးစက်ခံလိုက်ရပါပြီ။ (ဖေဖော်ဝါရီ ၂၂)

ဒီကိစ္စကတော့ဝမ်းနည်းစရာနဲ့စိုးရိမ်စရာပါဘဲ။

ဒါပေမဲ့လည်းအစိုးရကကိုင်တွယ်နေတာဘဲ အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။

အဆင့်(၂) အဆက်

သေတဲ့လူတွေနည်းနည်းတော့ရှိလာပြီ ဒါပေမဲ့လည်း လူကြီးတွေဘဲလေ။

သတင်းသမားတွေအကျယ်ချဲ့ ဂယက်ထအောင်လုပ်နေတာကလည်း ရှက်စရာကောင်းလိုက်တာ။

လူတွေလည်း ဒီအတိုင်းဘဲနေလိုက်ကြတယ် (အပြင်ထွက်ပြီးသူငယ်ချင်းတွေနဲ့ထွက်တွေ့လိုက်ဦးမယ်)

င့ါလည်းကူးမှာမဟုတ်ဘူး၊ အားလုံးအေးဆေးဘဲ

အဆင့်(၃)

ကူးစက်ခံရတဲ့လူနာက တဖြည်းဖြည်းများလာပြီ။

တနေ့ကို၂ဆနှုန်းနီးပါးတက်လာတယ်။

လူလည်းပိုသေလာပြီ။

ကူးစက်လူနာများလာတဲ့ပြည်နယ် ၄ ခုကိုအနီရောင်အဆင့်လို့ ကြေညာပြီးထိန်းသိမ်း(quarantine)ထားလိုက်ပြီ။

အီတလီရဲ့လူဦးရေ ၂၅ ရာခိုင်နှုန်းက ထိန်းသိမ်းခံလိုက်ရပါပြီ။

အဆင့်(၃) အဆက်

ကူးစက်ခံရတဲ့နေရာတွေမှာ ကျောင်းနဲ့တက္ကသိုလ်တွေကို စပိတ်လိုက်ပေမဲ့လည်း ဘားတွေ၊ကလပ်တွေကတော့ ဖွင့်နေတုန်းပါဘဲ။

တရားဝင်အမိန့်မထွက်သေးခင်မှာ သတင်းစာတွေမှာအမိန့်အကြောင်းတွေတွေ့နေရပါပြီ။

ဒါကြောင့်အနီရောင်အဆင့်‌‌‌ဒေသရှိ လူအယောက်၁သောင်းဟာ အမိန့်ထုတ်တဲ့ညမှာဘဲ ကိုယ့်မွေးရပ်ကိုပြန်ကြပါတော့တယ်။

(နောက်ကြရင်အဲ့လူအယောက်၁သောင်းအကြောင်းကအ‌ရေးကြီးလာပါတေ့ာမယ်)

အီတလီရဲ့ကျန်တဲ့လူဦးရေ ၇၅ ရာခိုင်နှုန်းကတေ့ာ အေးဆေးနေနေတုန်းပါဘဲ။

သူတို့ကအခြေအနေဘယ်လောက်ဆိုးနေပြီ ဆိုတာကို သတိမထားမိကြပါဘူး။

နေရာတိုင်းမှာလက်သေချာဆေးဖို့၊ အပြင်လျှော့ထွက်ဖို့၊ လူစုလူ‌ဝေးတွေ မလုပ်ကြဖို့ အကြံပေးကြပါတယ်။

တီဗီမှာလည်း ၅ မိနစ်တခါ အဲ့စည်းမျဥ်းစည်းကမ်းတွေ နဲ့ သတိပေးနေပါတယ်။

အဆင့်(၄)

ကူးစက်ခံလူဦးရေအမြောက်အများရှိလာပြီ။

နေရာတိုင်းကကျောင်းနဲ့တက္ကသိုလ်တွေကိုအနည်းဆုံးတလပိတ်လိုက်ပါပြီ။

နိုင်ငံအဆင့်ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာပါပြီ။

ဆေးရုံမှာလူနာတွေပြည့်နေပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် တခြားလူနာတွေရှင်းထုတ်ပြစ်လိုက်ပါတယ်။

အဆင့်(၄) အဆက်

ဆရာဝန်နဲ့နပ်စ်မတွေမလောက်တေ့ာပါဘူး။

ပြင်စင်ယူထားတဲ့ဆရာဝန်နဲ့ ဆေးကျောင်းနောက်ဆုံး၂နှစ်ကလူတွေပါ ခေါ်ရပါ‌တေ့ာတယ်။

အချိန်ပိုင်းနဲ့တာဝန်ယူရတာမဟုတ်ဘဲ လုပ်နိုင်သလောက်လုပ်ရတဲ့ပုံစံ ဖြစ်လာပါပြီ။

ဆရာဝန်နဲ့နပ်စ်မတွေပါကူးပြီး မိသားစုဝင်တွေဆီကိုပြန့်ကုန်ပါတယ်။

အဆင့်(၄) အဆက်

‌ရောဂါကူးတဲ့လူတွေများပြီး အထူးကြပ်မတ်ဆောင်လိုတဲ့လူတွေလည်း များနေပါတယ်။

လူတိုင်းအတွက် ကုတင်မဆံ‌တေ့ာပါဘူး။

ဒီအချိန်မှာတော့စစ်ဖြစ်သလိုဖြစ်နေပါပြီ။

ဆရာဝန်တွေကအသက်ရှင်နိုင်ခြေပေါ်ကြည့်ပြီးကုသရပါတော့တယ်။

အဲ့လိုပြောတာက ကိုရိုနာကပိုအရေးကြီးတာကြောင့် အသက်ကြီးလူနာ၊ အဖုအကြိတ်(ကင်ဆာသံသယ)လူနာ၊ လေဖြတ်နေတဲ့လူနာတွေကို မကုသပေးနိုင်တော့ပါဘူး။

ဆေးဝါးပစ္စည်းမလုံလောက်တော့တဲ့အတွက် အ‌ကောင်းဆုံးအခြေအနေရအောင်ဆေးဝါးတွေကိုခွဲ‌ပေးရပါတော့တယ်

(*ရှင်နိုင်တဲ့လူဘဲဆေးပေးတဲ့သဘောထင်ပါတယ်)

ငါဟာသပြောနေတာဖြစ်ခဲ့ပါစေလို့ ဆုတောင်းပေမဲ့လည်း ဒါတွေကတကယ်ဖြစ်ခဲ့တာပါ။

အဆင့်(၄) အဆက်

လူတွေကကုသဖို့နေရာမလောက်တော့လို့ သေကုန်ကြပါတယ်။

ဆရာဝန်သူငယ်ချင်းတ‌ယောက်က လူ၃ယောက်ကိုသူ့ရှေ့မှာဆုံးသွားလို့ စိတ်ဆင်းရဲစွာနဲ့ဖုန်းဆက်လာပါတယ်။

နပ်စ်မတွေလည်း လူတွေသေလုမြောပေါးဖြစ်နေတာကို အောက်ဆီဂျင်ပေးတာကလွဲပြီး ဘာမှမလုပ်နိုင်လို့ ငိုနေကြပါတယ်။

မနေ့ကဘဲသူငယ်ချင်းတ‌ယောက်ရဲ့ဆွေမျိုး ကိုရိုနာ‌ရောဂါကိုမကုသနိုင်လိုက်လို့ သေသွားပါတယ်။

မိုးမီးလောင်(It’s choas)ပြီး ကျန်းမာရေးစနစ်ကလည်း ပြိုလဲနေပါပြီ။

နေရာတိုင်းမှာ ကိုရိုနာရဲ့အန္တာရယ်အကြောင်းကိုဘဲ ကြားနေရပါတယ်။

အဆင့်(၅)

အနီရောင်အဆင့်‌‌‌ဒေသကနေ မွေးရပ်ပြန်သွားတဲ့အရူး၁သောင်းကို မှတ်မိလားမသိဘူး။

အဲ့ဒါကြောင့်ဘဲ တနိုင်ငံလုံးကို ထိန်းသိမ်း(quarantine)ထားလိုက်ပြီလို့ ကြေညာချက်ထုတ်လိုက်ရပါတယ်။

ဒီလိုထိန်းသိမ်းရတာက ‌ရောဂါပြံ့နှံမှုကိုတတ်နိုင်သလောက် နှေးအောင်လုပ်ထားဖို့ပါဘဲ။

အဆင့်(၅) အဆက်

လူတွေကအလုပ်လုပ်၊ စျေးသွား၊ ဆေးဆိုင်တွေသွား လို့ရပါတယ်။

စီပွားရေးမပြိုလဲအောင် စီးပွားရေးလုပ်ငန်းတွေကိုတော့ ပေးဖွင့်ထားပါတယ်။(ဒါပေမဲ့လည်းပြိုလဲနေပါပြီ)

ကိုယ့်မြို့ကနေ တခြားမြို့ကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ထွက်လို့မရပါဘူး။

အခုအချိန်မှာတော့ အားလုံးကကြောက်နေကြပြီး Mask တွေ လက်အိတ်တွေနဲ့ဆိုတာတွေ့ရပါတယ်။

ဒါပေမဲ့လည်းကိုယ့်ကို Superman ထင်ပြီး စားသောက်ဆိုင်ကို အုပ်စုလိုက်သွားနေတဲ့လူတွေ၊ သူငယ်ချင်းတွေနဲ့သောက်ဖို့ အပြင်ထွက်နေတဲ့လူတွေတော့ ရှိနေတုန်းပါဘဲ။

အဆင့်(၆)

နောက်၂ရက်လောက်အကြာမှာတော့ စီးပွား‌ရေးလုပ်ငန်းတော်တော်များများကို ပိတ်ဖို့ကြော်ညာလိုက်ပါတယ်။

(ဥပမာ – ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ရှော့ပင်းစင်တာတွေ၊ ဆိုင်တော်တော်များများကို ပါဘဲ)

Supermarkets တွေ၊ ဆေးဆိုင်တွေဘဲ ပေးဖွင့်ပါတော့တယ်။

မင်းနဲ့အတူလက်မှတ်တခုရှိတော့မှ အပြင်ထွက်(လျှောက်သွား)လို့ရပါတယ်။

လက်မှတ်ဆိုတာကတရားဝင်စာရွက်စာတမ်းတခုဖြစ်ပြီးတော့ စာရွက်ပေါ်မှာနာမည်၊ ဘယ်ကလာလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာလုပ်ဖို့လဲကို ဖော်ပြထားရပါတယ်။

အဆင့်(၆) အဆက်

ရဲတွေကိုလည်းနေရာတော်တော်များများမှာ ထားထားပါတယ်။

အကယ်၍ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အပြင်မှတွေ့မယ်ဆိုရင်တော့၊ €206 (Euro) အထိဒဏ်ခတ်လို့ရပါတယ်။

အကယ်၍ကိုရိုနာရောဂါရှိတဲ့လူနာဆိုရင်တော့၊ လူသတ်မှုနဲ့ထောင်ဒဏ် ၁နှစ်ကနေ ၁၂နှစ်အထိ ကျနိုင်ပါတယ်။

ဒီဟာကတော့ မတ်လ၁၂ရက်နေ့က အီတလီအခြေအနေဖြစ်ပါတယ်။

ဒီအဆင့်တွေအကုန်လုံးက၂ပတ်အတွင်းမှာ ဖြစ်ခဲ့တာတွေဆိုတာသတိပြုလိုပါတယ်။

အဆင့်(၃)ကနေ ဒီနေ့(မတ်၁၅ရက်နေ့)အခြေအနေအထိကို ၅ရက်ဘဲကြာလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *