.

ကိုရိုနာကာကွယ်ရေးအတွက် ဘုရားငွေတွေကို ထုတ်သုံးပြလိုက်တဲ့ ပုပ္ပားဂေါပကအဖွဲ့

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင် ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နိုင်အောင် ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့က‌‌ ကျပ်သိန်း ၅၀ ကို မနေ့က ကျောက်ပန်းတောင်း မြို့နယ်လုံး ဆိုင်ရာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး ကော်မတီအား လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့ဝင် ဦးမြင့်ဆွေအေးက “ဘုရားနဲ့ ပတ်သက်တဲ့ငွေ စေတီတို့ နဝကမ္မတွေ တို့ကို မသုံးဘူး။

တောင်ကလပ်မှာ အလှူငွေ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ဘောင်ဝင်တဲ့ဟာနဲ့ချိတ်ပြီး လှူတာပါ။ ကြိုတင်ကာကွယ်မှု အတွက် အကာအကွယ် အင်္ကျီတွေ ဝယ်ဖို့၊ ဝတ်စုံတွေ Quarantine လုပ်တဲ့အခါမှာ သုံးဖို့အတွက် လို အပ်မယ့် ပစ္စည်းတွေ လုံးပေါင်း တွက်ချက်ကြည့်တာ သိန်း ၁၇၀ ဖိုးလောက် ဝယ်ရမယ်။ ဆေးဝါးတော့ မပါသေးဘူး

သဘာဝ ဘေးအန္တရာယ် လိုအပ်ချက်အရ ဖြစ်ဖြစ် ပုပ္ပားတောင်ကလပ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လိုအပ်တယ် ဆိုရင် ကျနော်တို့ လှူတာပါပဲ” ဟု ပြောသည်။ ထို့ပြင် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ ပရဟိတအဖွဲ့အစည်းများ လိုအပ်သည့် သိန်းတရာကျော် တန်ဖိုးရှိ အမှိုက်သိမ်း ယာဉ် လှူဒါန်းခြင်း၊ ပုပ္ပားသို့ လာရောက်သည့် ဆက်သွယ်ရေးလမ်းရှိ ဆိုလာလမ်းမီးတိုင်များ လှူဒါန်းခြင်း၊ ကျောက်ပန်း တောင်း တမြို့နယ်လုံး ဆိုင်ရာ သံဃာတော်များ စာမေးပွဲ၊ စာအောင်သံဃာစာမေးပွဲများနှင့် ပုပ္ပားတောင်ကလပ်တွင် သတင်းသုံး နေထိုင်ကြသည့်

သံဃာတော်များ ဆွမ်းလောင်းပွဲ စသဖြင့် ဒေသ၌ တခြားလိုအပ်သည်တို့ကိုလည်း လှူဒါန်း ပေးခဲ့တယ်လက်ရှိ ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့အား ၂၀၁၈ ဇန်နဝါရီလက

ပြန်လည် ရွေးကောက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စတင် ဖွဲ့စည်းစဉ်က ပုပ္ပားတောင်ကလပ် ဘုရားကြီး၏ ဘဏ္ဍာငွေမှာ ကျပ်သိန်းပေါင်း ၁၁၀၀၀ ရှိခဲ့ပြီး ယခုလက်ရှိတွင် သိန်းပေါင်း ၁၉၀၀၀ ခန့် ရှိနေသေးတယ်လို့သိရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကြိုတင် ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နိုင်အောင် ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့က‌‌ ကျပ်သိန်း ၅၀ ကို မနေ့က ကျောက်ပန်းတောင်း မြို့နယ်လုံး ဆိုင်ရာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး ကော်မတီအား လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့ဝင် ဦးမြင့်ဆွေအေးက “ဘုရားနဲ့ ပတ်သက်တဲ့ငွေ စေတီတို့ နဝကမ္မတွေ တို့ကို မသုံးဘူး။ တောင်ကလပ်မှာ အလှူငွေ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ဘောင်ဝင်တဲ့ဟာနဲ့ချိတ်ပြီး လှူတာပါ။ ကြိုတင်ကာကွယ်မှု အတွက် အကာအကွယ် အင်္ကျီတွေ ဝယ်ဖို့၊ ဝတ်စုံတွေ Quarantine လုပ်တဲ့အခါမှာ သုံးဖို့အတွက် လို အပ်မယ့် ပစ္စည်းတွေ လုံးပေါင်း တွက်ချက်ကြည့်တာ သိန်း ၁၇၀ ဖိုးလောက် ဝယ်ရမယ်။ ဆေးဝါးတော့ မပါသေးဘူး။ သဘာဝ ဘေးအန္တရာယ် လိုအပ်ချက်အရ ဖြစ်ဖြစ် ပုပ္ပားတောင်ကလပ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လိုအပ်တယ် ဆိုရင် ကျနော်တို့ လှူတာပါပဲ” ဟု ပြောသည်။ထို့ပြင် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ ပရဟိတအဖွဲ့အစည်းများ လိုအပ်သည့် သိန်းတရာကျော် တန်ဖိုးရှိ အမှိုက်သိမ်း ယာဉ် လှူဒါန်းခြင်း၊ ပုပ္ပားသို့ လာရောက်သည့် ဆက်သွယ်ရေးလမ်းရှိ ဆိုလာလမ်းမီးတိုင်များ လှူဒါန်းခြင်း၊ ကျောက်ပန်း တောင်း တမြို့နယ်လုံး ဆိုင်ရာ သံဃာတော်များ စာမေးပွဲ၊ စာအောင်သံဃာစာမေးပွဲများနှင့် ပုပ္ပားတောင်ကလပ်တွင် သတင်းသုံး နေထိုင်ကြသည့် သံဃာတော်များ ဆွမ်းလောင်းပွဲ စသဖြင့် ဒေသ၌ တခြားလိုအပ်သည်တို့ကိုလည်း လှူဒါန်း ပေးခဲ့တယ်လက်ရှိ ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့အား ၂၀၁၈ ဇန်နဝါရီလက ပြန်လည် ရွေးကောက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စတင် ဖွဲ့စည်းစဉ်က ပုပ္ပားတောင်ကလပ် ဘုရားကြီး၏ ဘဏ္ဍာငွေမှာ ကျပ်သိန်းပေါင်း ၁၁၀၀၀ ရှိခဲ့ပြီး ယခုလက်ရှိတွင် သိန်းပေါင်း ၁၉၀၀၀ ခန့် ရှိနေသေးတယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *